အမရပူရမြို့နယ်၌ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ် သမဝါယမအသင်းများအတွက် မတည်ထောက်ပံ့ငွေ ပဉ္စမအကြိမ် လွိုင်ကော်မြို့၌ ပေးအပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ် သမဝါယမအသင်းသားများအတွက် မတည်ထောက်ပံ့ငွေ ပဉ္စမအကြိမ် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က  လွိုင်ကော်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ နှင့်  သမဝါယမအသင်းသားများ  တက်ရောက်ကြသည်။

၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြသည်။

ကွမ်းခြံကုန်းမြို့နယ်၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို  ဇူလိုင်လ ၁၇ ရက်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နေ့မွန်းလွဲ (၁)နာရီအချိန်က တံတားမြို့ အ.မ.က (မူလွန်)ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာဉီးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

တွံတေးမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်အတွက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများအားဖိတ်ခေါ်၍ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။
Subscribe to