သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

သိန္နီ    ဇူလိုင်  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို Community Centre ခန်းမှတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိသိမ့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိအကျဉ်း၊ အာဇာနည်နေ့အားမြတ်နိုးတန်ဖိုးထားသင်ပုံ၊ အာဇာနည်စိတ်ဓါတ်အား အတုယူသင့်ပုံတို့ကို အသိပညာပေး ပြောကြားခဲ့ပြီးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာကျောင်းမှ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများမှ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင်ခင်းကျင်းပြသထားသောအသိပညာပေး ရသစာအုပ်စာ စောင်များ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရ သည်။

မြို့နယ်(ပြန်/ဆက်)