မဟာအောင်မြေ ဩဂုတ် ၂
မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရက်ကောင်း ရက်မြတ်ဖြစ်တဲ့ ဩဂုတ်လ (၁) ရက်နေ့ ဝါဆိုလပြည့်နေ့မှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၁၃၈၅ခုနှစ် နှစ်သစ်အခါသမယ ဝါဆိုလပြည့်နေ့လည်းဖြစ်၊ မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်း ကပ်အလှူရှင် (၂၇) ဦးကလည်း ဝါဆိုသင်္ကန်း ကပ်လှူကြပြီး ဝါဆိုပန်းနှင့် ဝါဆိုခြင်းလုံး အလှခတ်ပြိုင်ပွဲများဖြင့် ကျင်းပပေးခဲ့ရာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ဖူးမြှော်ကြကြောင်း မန္တလေးမြို့ပေါ်ရှိ တန်ခို းကြီး ဘုရားစေတီများမှာလည်း ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း၊ ဘုရားဖူး ပြည်သူများအား အဟာရဒါနအဖြစ်လည်း အလှူအတန်း၊ အကျွေးအမွေးများဖြင့် နေရာအနှံ့တွေမှာ အလှူဒါန ကုသိုလ်ရှင်များကလည်း ကုသိုလ်ဒါနပြု၍ စည်းကားလျက်ရှိကြောင်း၊ ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ဘုရားဖူးပြည်သူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဘုရားအကျိုးတော်ဆောင်အဖွဲ့မှ စနစ်တကျ လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း