မိတ္ထီလာ သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ (၇၁) ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသားအကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာနရုံးခန်းတွင် ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး အကျဉ်းသားအကျဉ်းသူများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား (၅၆) ဦးနှင့် အကျဉ်းသူ (၁၅) ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်