ကျောက်တော် ဩဂုတ် ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း စုပေါင်းဆင်ယင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌက သစ်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဓသောဘန (မဟာသဒ္ဒဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်အား ရွတ်ဖတ်သရဇျယ် ပူဇော်ကြသည်။ ဆက်လက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပွဲကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြွရောက်တော် မူလာကြသော ဆရာတော် အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ၊ ကသစ်တောကျောင်းတိုက် ဆရာတော်အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အနုမောတနာ တရားချီးမြောက်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း