သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် နိုဝင်ဘာ ၂၃ ရက်က မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ သီးနှံမျိုးစေ့ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် (ဒုတိယ) အကြိမ် သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အသင်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်‌ခဲ့‌ကြောင်းသိရသည်။

ကျောက်တန်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကြေညာကပ်ထားမှုအပေါ် ကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက် အေးမြသီတာရပ်ကွက်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။

ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်ပြ

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (ပုဂံကျေးရွာ) ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ လာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ နိုဝင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းများကို ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation) ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမ၌ ကျင်းပသည်။

မြို့သစ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 
Subscribe to