ဖြူးမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်သူများအား (MEVM)စက် လက်တွေ့တပ်ဆင်အသုံးပြုနည်းများ ရှင်းလင်း

ဖြူး ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာတွင် မဲရုံတာဝန်ထမ်းဆောင်မည့်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့တပ်ဆင်အသုံးပြုနည်းများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား (MEVM)နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ လက်တွေ့တပ်ဆင်အသုံးပြုနည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအေးဇော်အောင်က ရှင်းလင်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)