နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်​ထောင်စု/​နေပြည်​တော်​ကောင်စီ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် လုပ်ငန်းများ ​ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူး၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးဌာန ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပြည်​ထောင်စု/​နေပြည်​တော်​ကောင်စီ​ ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အောင်‌မြေသာစံမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကျင်းပ

ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားများ ပေါ်ထွက်စေရေးနှင့် ဘော်လီဘော အားကစားဖွံဖြိုးတိုးတက်စေရေးအတွက် အောင်သမာဓိနှင့် ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရရမ၊ နံနက် ရှစ်နာရီခွဲက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင် ကျင်းပသည်။

ကျောက်မဲမြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူ့လက်ဝယ်အ‌ရောက်ဖြန့်ဝေ

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက လူစည်ကားရာနေရာဖြစ်သည့် ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် ညဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး နှင့်အဖွဲ့ မိုးနဲမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှမဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး နှင့်အဖွဲ့ မိုးနဲမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှမဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံ မိုးနဲ ဇန်နဝါရီ ၂၁ မြို့နယ်(ပြန်/ဆက်)

ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် "ဒို့အတူတူ မဲပေးကြမယ်"လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာစကား (၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၈)နာရီအချိန်၌ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ညောင်ဦးမြို့ ရွှေဂူဘကမူလွန်ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရွှေဂူဘကမူလွန်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ဇန်နဝါရီ  ၂၀ ရက် နံနက် ၈ နာရီခွဲက ရွှေဂူကျောင်းတိုက်ဝန်းအတွင်း ယာယီမင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ထားရှိမည့် တည်နေရာများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လားရှိုးမြို့ အ.လ.က (၁၀)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်ပညာ ရည်ချွန်ဆုပေးပွဲကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ၁၁/၂၀၂၅(ပထမနှစ်)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက တိုင်းရင်းဆေးသိပ္ပံကျောင်း၌ ကျင်းပသည်။
Subscribe to