မိုးနဲမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်း ပို့ချ

မိုးနဲ ဇန်နဝါရီ ၂၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူများ မွမ်းမံသင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးအောင်ကိုကိုဝင်းက မဲရုံဖွင့်ချိန်နှင့် မဲရုံပိတ်ပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မဲရုံမှူးတာဝန်နှင့် မဲပေးစက်တပ်ဆင်အသုံးပြုပုံများကို အသေးစိတ်ရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းသို့ မဲရုံ (၃၉)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)