မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက လေးတိုင်စင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဆရာကြီးဦးဌေးလွင်တို့က မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)