သနပ်ပင်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ ကစတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။