မိုင်းစံမြို့အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

မိုင်းစံ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူ များအနေဖြင့်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့်မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်သီး သီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကိုစတင်ခဲ့သည်။

၂၀၂၅ ပါတီစုံဒီမိုကရေရွေးကောက်ပွဲ၌ မိုင်းစံရပ်ကွက်တွင် မဲရုံ(၃)ရုံ၊ ကျေးရွာတွင် မဲရုံ(၃)ရုံ၊ တပ်တွင်းမဲရုံ(၁)ရုံ စုစုပေါင်း(၇)ရုံ ဖွင့်လစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် မဲရုံများတွင် အေးချမ်းလုံခြုံစွာ မဲပေးနေလျက်ရှိကြောင်း သိရသည်။

အိဇာချို(မိုင်းစံ၊ပြန်/ဆက်)