ပိုင်ကျုံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုရှိ မူ(လွန်)ညာပရောကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးမှ အမှာစကားပြောကြားပြီး အ-ထ-ကပိုင်ကျုံ ကျောင်းအုပ်ဆရာမကြီးက မိမိရပ်ရွာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ မိဘများအနေဖြင့် မိမိသားသမီးများအား ပညာရေးဆုံးတိုင်းအောင် ပံ့ပိုးဆောင်ရွက်ရန်လိုကြောင်းကို ပြောကြားခဲ့သည်။
ဆက်လက်၍ အမှာစကားပြောကြားချက်များကို ကျောင်းသားမိဘများ နားလည်စေရန် မိုးနိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှ စကော ကရင်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည် ။
နော်ခူး(ပြန်/ဆက်)