ကရသူရိ ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ကျောင်းသား၊ ကျောင်းသူများ၏ လူမှုဘဝတိုးတက်မြင့်မားရေးသည် စာဖတ်ခြင်း၏ အစဖြစ်သည့်အတွက် ကျောင်းစာများသာမက ပြင်ပအသိပညာ/အတတ်ပညာ ဗဟုသုတများရရှိရေး စာအုပ်/စာပေများကို ဖတ်ရှုရန်လိုအပ်သည့်အတွက် စာဖတ်ရန်နည်းလမ်းကောင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃က စာပေဖတ်ရှုပုံ၊ ဖတ်ရှုနည်းများ၊ မိမိစိတ်ဝင်စားရာစာအုပ်၊ စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် ဖတ်ရှုခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)