စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီးမှကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ် (နဝမ)အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကျင်းပ

စလင်း ဖေဖေါ်ဝါရီ  ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် သာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော (နဝမ) အကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ကာ ရတနာဃရ ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပရိယတ္တိရေးဖြေစာမေးပွဲကို (နဝမ) အကြိမ်မြောက် ၁၃၈၄ ခုနှစ် တပိုတွဲလပြည့်ကျော် ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဥက္ကဋ္ဌ ဆရာတော်ကြီးများနှင့် စာထောက်/ စာမ၊ ကြီးကြပ်ဆရာတော် (၅၅)ပါးတို့မှ အနီးကပ်ကြီးကြပ်၍ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မကွေးစာသင်တိုက်အသီးသီးတို့မှ သံဃာ (၇၆)ပါးနှင့် သီလရှင်ဆရာလေး (၁၆) ပါး စုစုပေါင်း(၉၂)ပါး ဝင်ရောက်ဖြေဆိုကြသည်။

ပရိယတ္တိရေးဖြေစာမေးပွဲတွင် အခြေပြုမူလတန်းအဆင့်တွင် သံဃာ(၄၉)ပါး၊ သီလရှင်(၁၂)ပါးတို့မှ ဝိနယဘာသာရပ်အားဖြေဆိုကြပြီး ပထမငယ်တန်းတွင် သံဃာ(၂၀)ပါးနှင့် သီလရှင်(၃)ပါးတို့မှ ဘိက္ခုပါတိမောက်/ဓမ္မာပဒကို ဖြေဆိုကြသည်။ ပထမလတ်တန်းတွင် သံဃာ(၄)ပါးနှင့် သီလရှင်ဆရာလေး(၁)ပါး၊ ပထမကြီးတန်းတွင် သံဃာ(၃)ပါးတို့မှ ဒွေမာတိကာ/ဓမ္မာပဒဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ တစ်ရက်လျင် တစ်ဘာသာဖြေဆိုကြရသည်။ ၎င်းစာမေးပွဲကို ၁၀.၂.၂၀၂၃ ရက်နေ့မှ ၁၆.၂.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြို့နယ်ပြန်/ ဆက်