အင်တော ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စကားပုံဆက်ပြိုင်ပွဲနှင့်အားကစားပွဲများကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ စကားပုံဆက်ပြိုင်ပွဲကို ပြုလုပ်ရာ အင်တောမြို့ပေါ် အခြေခံပညာကျေားင်း(၃) ကျောင်းမှ Grade-5 ကျောင်းသားကျောင်းသူ (၃၀) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ အားကစား ဝါသနာပါသည့်ပြည်သူများက အမျိုးသား/အမျိုးသမီး လွန်ဆွဲပွဲ၊ စနူကာ၊ စားပွဲ တင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက် ပြိုင်ပွဲနှင့် လူငယ်/သက်ကြီး အပျော်တမ်း ဘောလုံးပြိုင်ပွဲများ ပျော်ရွင်စွာယှဉ်ပြိုင်ကစားနေကြသည်ကို အားကစားဝါသနာရှင်များက ကြည့်ရှူအားပေးကြသည်။
ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပြိုင်ပွဲဝင်များအား မြို့အုပ်ချုပ်ရေးမှူးဦးမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆုငွေများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)