ကိုကိုးကျွန်းမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းနားကျင်းပပြုလုပ်

ကိုကိုးကျွန်း ဖေဖေါ်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ထိုသဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းမင်းနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ မြို့မိမြို့ဖများ စုစုပေါင်းအင်အား ၇၀ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သောသဝဏ်လွှာအား စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းမင်းမှဖတ်ကြားခဲ့ပြီး သဝဏ်လွှာတွင် နိုင်ငံတော်တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာယာရေး စသည်တို့ကို ဦးတည်ပြောကြားခဲ့ကြောင်း သိရသည်။ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက်၈နာရီအချိန်တွင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ ဆက်)