မင်းတုန်း ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ နံနက် ၉ နာရီကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပခဲ့ရာ ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆု ရရှိသည့် ဖူဆယ်ဘောလုံး အသင်းများအား ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ အလွတ်တန်းပွဲစဉ် အသင်း (၈)သင်းဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးအားကစား ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)