မိုင်းခတ်မြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်လှစ်မည်

မိုင်းခတ် ဖေဖော်ဝါရီ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်၊ လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစားစိတ်ပါဝင်စားသည့် ကစားသမားများအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျကျတတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ်၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုနှင့် Fitness Dance စသည့်အားကစားနည်း သင်တန်းများကို သင်တန်းနည်းပြဆရာ(၅)ဦးတို့မှ မတ်လ ၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ မြို့နယ်အားကစားရုံ၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မိုင်းခတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦး‌ကျော်‌ဌေးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်