မြစ်ကြီးနား ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် သုတရသစာအုပ်များလှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အဖွင့်အမှာ စကား ပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က လူငယ်၊ စာပေ၊ ကိုယ်ကျင့်တရားနှင့် အနာဂတ်တိုင်းပြည် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် စာကြည်တိုက်များဖောင်ဒေးရှင်းမှ မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ် အတွက် ငွေကျပ် (၂၅၀၀၀၀) တန်ဖိုးရှိ သုတရသ စာအုပ် (၇၈) အုပ် လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
ခရိုင်(ပြန်/ဆက်)