သုံးခွ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများရရှိစေရန်နှင့် စာပေမှရရှိသောဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ ခင်ဘုန်းစော ရေးသားသည့် " စိတ်ချမ်းသာတယ် "စာအုပ်အားစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (Women Club) အဖွဲ့၀င်ဒေါ်ရီရီအေးက စာရေးဆရာ ခင်ဘုန်းစော ရေးသားသည့် "စိတ်ချမ်းသာတယ်" စာအုပ်ပါအကြောင်းအရာများထဲမှ "စိတ်ချမ်းသာတယ်" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူဆင်းရဲချင်ဆင်းရဲပါစေ၊ စိတ်ကိုတော့ ချမ်းသာအောင်နေစေလိုပါကြောင်း၊ စိတ်ညစ်ရင်အရက်မသောက်ပါနဲ့၊ သီချင်းဆိုပါ သီချင်းမဆိုတတ်ရင်လည်း သီချင်းနားထောင်ပါ၊ တစ်ယောက်ထဲပဲနေချင်တယ် အေးအေးဆေးဆေးနဲ့နေချင်တယ်ဆိုရင် စာဖတ်စေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မအေးဆုမွန်ကလည်း "မတုံ့ပြန်စေချင်" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် စိတ်ဓာတ်ကြံ့ခိုင်ပြီး အောင်မြင်တဲ့လူအများစုက ဝေဖန်တိုက်ခိုက်မှုတွေကို တုံ့ပြန်လေ့မရှိပါကြောင်း၊ ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်တာက တိုက်ခိုက်တဲ့အကျင့်ရှိသူတွေရဲ့အလုပ်မို့ဖြစ်ပါကြောင်း၊ သူများကိုတိုက်ခိုက်တဲ့လူတွေဟာ သူတို့အလုပ်ကို သူတို့လုပ်ပြီး သူများကိုတိုက်ခိုက်ရင်းနဲ့ပဲ ကျဆုံးသွားတတ်နိုင်ပါကြောင်းစသည့် စာအုပ်ပါအကြောင်း အရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့အပြင် တက်ရောက်လာသူများမှလည်း စာအုပ်ပါခေါင်းစဉ်များထဲမှ မိမိတို့ဖတ်ရှုထားသည့်အကြောင်းအရာများကို ဝိုင်း၀န်းဆွေး နွေးခဲ့ကြပြီးနောက် မြို့နယ်ရုံးတွင် ပြသထားသော နံရံကပ်စာစောင်များကိုလည်း စိတ်ပါ၀င် စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)