ကျောက်မဲ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွှန်းလွဲ ၃ နာရီအချိန်က ကျောက်မဲခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၁၂ရက်နေ့ထိကျင်းပခဲ့ပြီး ကျောက်မဲ(က)/(ခ)၊ သီပေါ၊ နောင်ချို၊ နမ္မတူမြို့နယ်များမှ လက်ရွေးစင်အသင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါဗိုလ်လုပွဲကို ကျောက်မဲမြို့နယ်(က)အသင်းနှင့် နမ္မတူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကျောက်မဲမြို့နယ်(က)အသင်းက နမ္မတူမြို့နယ်အသင်းကို(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုရ ကျောက်မဲ(က) အသင်းအား ပထမဆုရ ငွေဖလားနှင့်ငွေသားဆုကို ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးကလည်းကောင်း၊ ပထမဆုရအသင်းအား လည်ဆွဲဆုကိုအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုးကလည်းကောင်း၊ ဒုတိယဆုရ နမ္မတူအသင်းအား လည်ဆွဲဆုကို စစ်ဦးစီးပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်က လည်းကောင်း၊ ဒုတိယဆုဖလားနှင့်ငွေသားဆုကို ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နိုင်ထွန်းသူကလည်းကောင်း၊ ဒိုင်လူကြီးဂုဏ်ပြုဆုကို ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းသန်းသန်းနွယ်ကလည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် အခြားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)