ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၂၀၅ ဦးဝင်ရောက်ဖြေဆိုမည်

ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၃ ခုနှစ် ၊ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၂၀၅ ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၃၈  ဦး၊ ပြင်ပဖြေဆိုသူ (၁၃၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင်  ( ၁၆၇ ) ဦး၊ အတွဲ(၂) ဘာသာရပ်တွင်   (၃၃) ဦး၊ အတွဲ(၅)ဘာသာရပ်တွင်  (၁)   ဦး ၊ အတွဲ(၇)ဘာသာရပ်တွင် (၄)  ဦးရှိရာ ဘုတ်ပြင်းမြို့နယ်တွင်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)