ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းတပ်ဖွဲ့ဝင်များ၊ အလှူရှင်များစု ပေါင်းကာဂျိုးကန်ကျေးရွာ မီးဘေးသင့်ပြည်သူများအားထောက်ပံ့

ညောင်ဦး  ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန် ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများများအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ငါ့သရောက်နယ်မြေမီးသတ်စခန်း၊ စဉ့်ကူနယ်မြေမီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းနှင့် တောင်ဇင်းနယ်မြေမီးသတ်စခန်းနှင့် ရပ်ဝေးရပ်နီးမှအလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ညောင်ဦးမြို့နယ် ကန်နီပေါက်အုပ်စု၊ ဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ်ခင်းအချိန်က မီးလောင်မှုကြောင့် အိမ်ခြေ (၁၆)အိမ် မီးဘေးသင့်ခဲ့ပြီး၊ မီးဘေးကြောင့် အမျိုးသား/အမျိုးသမီး (၆၃)ဦး မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်ထားသည့် ဂျိုးကန်ကျေးရွာ၊ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းထဲရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့လှူဒါန်းငွေ ကျပ်လေးသောင်း၊ ဆန်၊ဆီ၊ ဆားအခြေခံစားသောက်ကုန်ပစ္စည်း ထောက်ပံ့လှူဒါန်းဖိုး (၁၆၁၉၄)ကျပ်၊ ငွေသားနှင့်အခြေခံစားသောက် ကုန်တန်ဖိုး အိမ်ထောင် တစ်စုလျှင် (၅၆၁၉၄)ကျပ်နှုန်းဖြင့် စုစုပေါင်း(၈၉၉၁၀၀)ကျပ်အား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သောမီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ယုဝါလှိုင် ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း