နတ်မောက် ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး အဘိုးအဘွားများကို လူမှုရေးပင်စင်များ ပေးအပ်ခဲ့သည်။
အဆိုပါလူမှုရေးပင်စင်များထောက်ပံ့ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက်သွား ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယ(၃)လပတ်အတွက် အဘိုးအဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် (၃)လစာ ငွေကျပ်(၃၀၀၀၀)ကို ထောက်ပံ့ပေး အပ်ခဲ့ပြီး နတ်မောက်မြို့နယ်အတွင်းရှိ အဘိုး (၃၆၃)ဦး၊ အဘွား (၇၉၆) ဦး စုစုပေါင်း ( ၁၁၅၉)ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ( ၃၄၇၇၀၀၀၀) ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
လှဝင်း