သာကေတ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိပြည်သူများမှအခြေခံစားသောက်ကုန်ပစ္စည်းများ အားစျေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီအစီအစဉ်ဖြင့် ယနေ့နံနက်(၆:၃၀) နာရီမှနံနက်(၈:၃၀) နာရီအထိ အမှတ်(၅)ရပ်ကွက် ၊မြင်တော်သာလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အရှေ့လမ်းသွယ်၌စားသုံးဆီ၊ကြက်သား၊ဝက်သား၊ငါးအမျိုးမျိုးအားရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင် ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွန်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ စီစဉ်ကြီးကြပ်မှုဖြင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများစုပေါင်း၍ စားအုန်းဆီ(၁)ပိဿာ(၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်(၁၂၀)ပိဿာအားလည်းကောင်း၊ ငါးအမျိုးမျိုး(၁၅)ပိဿာအားလည်းကောင်း ဝက်သား(၁)ပိဿာ (၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်(၉ )ပိဿာအားလည်းကောင်း၊ ကြက်သား( ၁)ပိဿာ (၈၀၀၀) ကျပ်ဈေးနှုန်းဖြင့်(၄)ပိဿာအားလည်းကောင်း အသီးသီးရောင်းချပေးခဲ့ရာ ဝန်ထမ်းများနှင့်ပြည်သူများမှ အေးချမ်းပျော်ရွှင်ဘေးကင်းစွာ ဝယ်ယူအားပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)