အိမ်မဲ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးတို့အတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးတိုးတိုးနှင့်ဝန်ထမ်းများက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်များပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မီတာများစစ်ဆေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့်နီးကပ်သော သစ်ပင်သစ်ကိုင်းများအားခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးတိုးတိုး ပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ)