တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီတွင် ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်း  အသိ ပညာပေးဆွေးနွေးပွဲ (Talk   Show)  ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က နွေရာသီတွင်ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များထုတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံး၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

ရိုးရာအမွေအနှစ်များမတိမ်ကောမပပျောက်စေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရေးတို့အတွက် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းဖွင့် လှစ်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင် စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် ၂၀၂၃ခုနှစ်၊ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စနစ်ကျလယ်ယာမြေ (၇၉ဒသမ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ လယ်ယာမြေဖော်ထုတ်ခြင်းစီမံကိန်း ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ ပြည်သူလူထုပူးပေါင်း ပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ကျောက်ဖြူခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူ လူထုပူးပေါင်းပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက် ၇ နာရီက ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောစိုက်ခင်းအနီးတွင် စုပေါင်းဆောင်ရွက်သည်။  

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to