ငပုတော ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှု ပြီးစီးကြောင်း ဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဆန်းသိန်းမှ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မေမွန်ဦးက ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ အစီအစဥ်ကို ရှင်းလင်းပြောကြားပြီးနောက် တာဝန်ခံဆရာမ ဒေါ်ခင်ညိုက သင်ကြားသင်ယူမှုတာဝန်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကျောင်းသား၊ မိဘများကိုယ်စားမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှုပြီးစီးကြောင်း ဆုတံဆိပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)