ရှေးဟောင်းသမိုင်းဝင် ဆံရွှေတော်စေတီတော်မြတ်ကြီး၌ ဥပုဒ်နှင့် အစိုးရရုံးပိတ်ရက် နှင့်တိုက်ဆိုင်၍ဘုရားဖူးများဖြင့်စည်းကား

တွံတေး ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယနေ့တွင်တပေါင်းလဆန်း(၈)ရက်ဥပုဒ်နေ့နှင့် အစိုးရရုံးပိတ်ရက်နှင့်တိုက်ဆိုင်နေ၍  တနင်္ဂနွေနေ့များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့်စည်းကားလျက်ရှိကြောင်း ရွှေဆံတော်ဂေါပက ဥက္ကဋ္ဌထံမှသိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီများထဲတွင် လေးဆူဓာတ်ပုံရွှေတိဂုံ  စေတီတော်မြတ်ကြီးပြီးလျှင် ဒုတိယဉာဏ်တော်အမြင့်ဆုံးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံးစေတီတစ်ဆူဖြစ်ကြောင်းသိရသည်။

ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာဖူးမျှော်နိုင်ရန်အတွက် ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက စဉ်ဆက်မပြတ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 

ယခုအခါတွင် စေတီတော်မြတ်ကြီး ကြံခိုင်မှုရှိရေးအတွက် စေတီတော်ကြီး၏ ကြေးဝန်းတော်ငါးဆင့်အား အလှူရှင်များ၏ကောင်းမှု့ဖြင့် ၉လက်မပတ်လည် ကြေးပြားသင်္ကန်တော်များ ကပ်လှူလျက်ရှိပြီးစေတီတော်ရင်ပြင်တွင်လည်း အပူ၊အအေးခံစကျင်ကျောက်ပြားများခင်းခြင်း၊တန်ဆောင်းများဆေးသုတ်မွမ်းမံခြင်း၊ ဆီးမီးထွန်းသည့်ခုံများ အသစ်ပြန်လည်တည်ဆောက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေဆံတော်ဂေါပက ဘဏ္ဍာတော်ထိန်းအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာမှုရှိစေရေးအတွက် သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးဝန်ထမ်းများထားရှိပေထား သည့်အပြင် CCTV များစေတီတော်ပတ်ပတ်လည်နှင့် အတက်အဆင်းတန်ဆောင်းမုဒ်များ၌ လည်းတပ်ဆင်ထားကြောင်းရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှသိရှိရသည်။

တွံတေးသား