၁၃၈၇ ခုနှစ်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်အကဲဖြတ်လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အကဲဖြတ်ပညာရှင်များ၊ ယိမ်းအသင်းအုပ်ချုပ်သူများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဧပြီ ၄

၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အကဲဖြတ်လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အကဲဖြတ်ပညာရှင်များ၊ ယိမ်းအသင်းအုပ်ချုပ်သူများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ (၄၆)လမ်း၊ (၁၂)ထပ်ခွဲရုံး(၁ဝ)လွှာရှိ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာအကဲဖြတ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု)ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးဝဏ္ဏထွန်းက အခမ်းအနားကျင်းပပြုလုပ်မည့် လုပ်ငန်းစဥ်အစီအစဥ်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အကဲဖြတ်ပညာရှင်များကိုယ်စား အကဲဖြတ်ပညာရှင် ဦး​အောင်တင်ဝင်းနှင့် ဦး​မောင်​မောင်​ဇော်ဝင်း၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ/ ဖိတ်ကြားရေးနှင့်ဖျော်ဖြေတင်ဆက်ရေးလုပ်ငန်းကော်မတီ/ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ/လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ/ဘဏ္ဍာရေး၊ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ ယိမ်းအသင်းအုပ်ချုပ်သူများ၊ (၁၂) ဦးယိမ်း (မူကြိုကျောင်းများ)/ (၁၂) ဦးယိမ်း(ကျောင်းများ)/ (၁၂)ဦးယိမ်း(ရုံး၊အခြား)/ (၁၂)ဦးယိမ်း(ကျားအလွတ်တန်း)/ (၁၆)ဦးယိမ်း(ရုံး၊အခြား)/ (၂၀)ဦးယိမ်း(အလွတ်တန်း)/ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ကချင်/ကရင်/ချင်း/မွန်/ ရခိုင်/ရှမ်း)၊ တို့က တာဝန်ရှိသူများက မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို အ​သေးစိတ်ဆွေးနွေး တင်ပြကြသည်။

၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ စုစုပေါင်းယိမ်းအသင်း(၅၄)သင်း ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။

ယင်း​နောက် အကဲဖြတ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်)က သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အကဲဖြတ်ပညာရှင်များ၊ ယိမ်းအသင်းအုပ်ချုပ်သူများနှင့် လုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့​​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)