လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်

လှိုင်သာယာ(အနောက်) ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   Community Centre ခန်းမတွင် ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များ သင်းတန်းနည်းပြဆရာများ၊ သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရွယ်ချက်ကိုပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ကဗျာဆရာ စိုးမိုးသိမ်း(လှိုင်သာယာ)က ယဉ်ကျေးလိမ္မာသင်တန်း၏ အကျိုးတရားကို ပြောကြားသည်။

ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များက သင်တန်းတက်ရောက်လာကြသည့် ကျောင်းသား / ကျောင်းသူများအား အချိုရည်ဘူးများနှင့် မုန့်များကျွေးမွေးကြသည်။

သင်တန်းကို  နံနက် (၉)နာရီမှ နံနက် (၁၁)နာရီထိ နေ့စဉ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၃-၄-၂၀၂၆ ရက်နေ့မှ ၉-၄-၂၀၂၆ ရက်နေ့ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန် / ဆက်)