ဘားအံတက္ကသိုလ်၌ အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ဘားအံ ဇန်နဝါရီ ၃၁

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁:၀၀) နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၆၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကား ပြောကြားပြီး ဘားအံတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာလှိုင်အောင်ထွန်းက အကြမ်းဖက်မှု၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားပြီး အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)