ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများရရှိစေရန်၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအတွေ့အကြုံ ဘာသာရပ်ကျွမ်းကျင်မှုများမှတဆင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ အတွေ့အကြုံများ အားကောင်းလာစေရန်၊ ကျောင်းသားကျောင်းသူများ၏စာမေးပွဲဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်အားကောင်းလာစေရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။