ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ (၂)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ တိုက်ကြီးလျှပ်စစ်ရုံးရှေ့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာပါမောက္ခချုပ် ဒေါက်တာယုဇနအမှူးပြုသော စီမံခန့်ခွဲရေးနှင့်ပညာရေးသဟာယအဖွဲ့ဝင် ပုဂ္ဂိုလ်များ သတ်မှတ်နေရာယူကြသည်။

မိုးညှင်းမြို့၌ (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော် တတိယနေ့ဆက်လက်ကျင်းပရာ စည်ကားလျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ရိုးရာအစဉ်အလာအရ (၂၄)ကြိမ်မြောက် ဇောတိရှမ်းဘာသာတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ တပို့တွဲလဆန်း (၁၂)ရက်မှ တပို့တွဲလပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ရှင်ပြုပွဲတော် တတိယနေ့တွင် ရှင်မိရှင်ဖများနှင့် ပွဲလာပရိတ်သတ်များ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မိုင်းတုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အနောက်ရေဖျားတောကျေးရွာ၌ စိုက်ပျိုးထားသော ငှက်ပျောသီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသော်လည်း  အနောက်ရေဖျားတော ကျေးရွာမှ တောင်သူများသည် မိုးကောင်းသောက် (မိုးရေနှင့်)၊ မြေအောက်(အဝီစိ) ရေများကို အဓိကထားပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရသည့်အတွက် ယာသီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူဦးဖိုးဖဲ စိုက်ပျိုးထားသည့် ငှက်ပျောသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲကျင်းပ

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီး စေရေးနှင့်သစ်တော၊ သစ်ပင်များတိုးပွားရှင်သန်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် လမ်းဘေးဝဲ/ယာများ၌ စိုက်ပျိုးထားသည့်သစ်ပင်များ၊ တစ်အုပ်တစ်မစိုက်ခင်းများ ရှင်သန်‌ စေရေးအတွက် ရေလောင်းပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ပြည့်ပင်ကျေးရွာအုပ်စု၊ မိုလာ ရဲစခန်းရှေ့စိုက်ခင်း၊ ချောက်-ဂွေးချို ကားလမ်းမိုင်တိုင်အမှတ် ၁၂/၀ မှ ၁၃/၃ ကြား လမ်းဘေး ဝဲယာ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ပေါင်းတည်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မူလတန်းကျောင်းများတွင် နွားနို့အာဟာရ တိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံပညာမူလတန်းကျောင်းများ၌ အာဟာရနွားနို့များ လှည့်လည်တိုက်ကျွေးလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းက ပေါင်းတည်မြို့၊ ၃၇ လမ်း အ-မ-ကတွင် ဆက်လက်တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရန် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးခန်းမ၌ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to