ဝမ်းတွင်းမြို့၌ ၆၅ ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်၌ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲ ကျင်းပ
ပုဂံခေတ် ပေါက္ကံ ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။