တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။