ပေါက်ခေါင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုနိုင်မှ အဆင့်တံဆပ်များ တပ်ဆင်ချီးမြှင့်ပေးခဲ့ပြီး တာဝန်ရှိသူများက လှူဒါန်းငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့လည်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ စစ်ရေးပြဘာသာရပ်နှင့် မီးသတ်စက်ကြီးလေ့ကျင့်ခန်း သရုပ်ပြသခြင်းတို့ကို မြို့နယ်မီးသတ်စခန်းရှေ့  စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)