မန္တ‌လေးတွင် Mobile Lab Van ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်ဈေးရှိ ဈေးဆိုင်များတွင် ခွင့်မပြုသည့်ဆိုးဆေးနှင့် ခွင့်မပြုဓာတုတာရှည်ခံဆေးများ သုံးစွဲခြင်း၊ ရောင်းချခြင်း ရှိ/မရှိ၊ သုံးစွဲရန်မသင့်အလှကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းကို ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းက အဆိုပါ ဈေးချိုတော်တွင် ပြုလုပ်ကြသည်။

ပန်းတနော်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်(၉) နာရီက ပြည်လုံးချမ်းသာသာသနာ့ဗိမာန်နှင့် လေးထပ်‌‌ကျောင်းတိုက်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နည်းပညာတက္ကသိုလ် (တောင်ငူ) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက်၊ စုပေါင်းရုံးလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့ တက္ကသိုလ်ပေါင်းစုံမှကျောင်းသူကျောင်းသားများ လာရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက  တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက်လေ့လာသည်။

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ ဧက(၁၀၀)စိုက်ခင်း၌ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀) ကွင်းတွင် ယနေ့နက်ပိုင်းက အောင်နိုင်တိုးနွေစပါးအား (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

ကျိုင်းတုံမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ​ဖေဖော်ဝါရီ ၂ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မုဒုံမြို့၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းက အ.မ.က(ခေမာ)ကျောင်း၌ ပြုလုပ်သည်။

သာကေတမြို့နယ် ၁၀၈- တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်တွင် ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၄ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး‌ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ​ခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to