မိတ္ထီလာခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့ တက္ကသိုလ်ပေါင်းစုံမှကျောင်းသူကျောင်းသားများ လာရောက်လေ့လာ

မိတ္ထီလာ ဖေဖော်ဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက  တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက်လေ့လာသည်။

ထိုသို့လာရောက်လေ့လာရာတွင်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်းဝင် ရောက်ပြီးသူတိုင်းအား စာငှားကတ်များ အခမဲ့ပြုလုပ်ပေးပြီး စာကြည့်တိုက်ရှိ သုတရသစာအုပ်များငှားရမ်းပေးသည့်စနစ်နှင့် စာကြည့်တိုက်တွင်ငှားရမ်းပေးသည့် စာအုပ်စာစောင်များကို ပညာရပ်များအလိုက် စနစ်တကျထားရှိမှုစနစ်၊ ဒေသဆိုင်ရာပြတိုက်ငယ်တွင် ခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် ဒေသထွက်အိမ်တွင်းမှုထွက်ကုန်ပစ္စည်းများ၊  လူထုဆက်သွယ်ရေးမီဒီယာစက်ပစ္စည်းများ၊ ခေတ်အဆက်ဆက် မြန်မာ့ငွေကြေးများနှင့် ဒေသဆိုင်ရာ မြေပုံများ၊ ဒေသအတွင်းရှုခင်းအလှဓါတ်ပုံမြင်ကွင်းများ စသည်တို့ကို ခင်းကျင်းပြသထားမှုကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လိုက်လံရှင်းလင်းပြသသည်။ အဆိုပါနေရာများသို့ လာရောက်လေ့လာသည့် မိတ္ထီလာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ  လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းလင်းဖြေကြားပေးကြောင်းသိရသည်။

ချမ်းသာ