ပန်းတနော် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်(၉) နာရီက ပြည်လုံးချမ်းသာသာသနာ့ဗိမာန်နှင့် လေးထပ်ကျောင်းတိုက်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား အမှာစကားပြောကြားသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခဒေါက်တာဒေါ်လှကြည်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား မအူပင် တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခများကလာရောက် ဆွေးနွေးသင်ကြားပို့ချပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ အထက်တန်းကျောင်းအုပ်များနှင့် အထက်တန်းပြဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ (၆၇၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်နှင့်အဖွဲ့ဝင်များက ရေခဲမုန့်များဖြင့်ဧည်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)