နတ်မောက်မြို့၌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စပါးစမ်းသပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပြုလုပ်သည်။

ပွင့်လင်းရာသီ မီး‌ဘေးအန္တရာယ်နှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ပွင့်လင်းရာသီမီးဘေးအန္တရာယ်နှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

လဲချားမြို့နယ်၌ မဲရုဲမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်(၉)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စကု​မြို့ အမှတ် (၁) ရပ်ကွက်ရှိ အဆိုပါလမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ ၂ဝ၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

သံတောင်ကြီးမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ  အားကစားကွင်း၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပဒါန်းတပ်နယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပဒါန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် မင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to