‎မဟာအောင်မြေမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ မန္တလေးတက္ကသိုလ်တွင်ဖွင့်လှစ်သည့် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာ‌ရေးတက္ကသိုလ်မှ မန္တလေးတက္ကသိုလ်တွင်ဖွင့်လှစ်သည့် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှုနှင့်ပတ်သက်၍ ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် ယမန်နေ့ နံနက်  ၉ နာရီက မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး/ရာအိမ်မှူးများက ပူးပေါင်း‌ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(RBF)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ‌ရွှေဘိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံစစ်ဆေးခဲ့သည်။

မိုးနဲမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံလက်တွေ့သရုပ်ပြ

မိုးနဲမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံလက်တွေ့သရုပ်ပြ မိုးနဲ နိုဝင်ဘာ ၃၀ မြို့နယ်(ပြန်/ဆက်)

ရွှေဘိုမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရွှေဘိုမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက် ရွှေဘို နိုဝင်ဘာ ၃၀ ခရိုင်(ပြန်/ဆက်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ လှိုင်သာယာ(အနောက်ပိုင်း)၊ နိုဝင်ဘာ ၃၀ မြင့်ဇော်(ပြန်/ဆက်)

သံဖြူဇရပ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းများ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ပန်းခြံဝင်းအတွင်းကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့်  အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to