ညောင်တုန်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက်၊ စုပေါင်းရုံးလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများပါဝင်သည့် အဖွဲ့ (၁၁) ဖွဲ့တို့က စည်းလုံးညီညွှတ်စွာ အိုးစည်/ဒိုးပတ်ဝိုင်းများဖြင့် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ပါဝင်ဆင်နွှဲ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ထမနဲထိုးအဖွဲ့များက ထမနဲများကို ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းခြင်းနှင့်အဖွဲ့များ အချင်းချင်း မျှဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)