တောင်ငူ ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ကျင်းပသည်။နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖူဆယ် (အမျိုးသား) ဘောလုံးပြိုင်တွင် ဘာသာရပ်ပေါင်းစုံမှ အုပ်စုအသင်း (၈)သင်း၊ ပိုက်ကျော်ခြင်း (အမျိုးသားနှစ်ယောက်တွဲ) ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ အုပ်စုအသင်း (၇)သင်းတို့ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)