မော်လိုက်မြို့၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ (၆) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။