မင်းဘူး ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ၅၁၄၃၆ ဦးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို မြို့နယ်အတွင်းရှိ KG မှ Grade–4 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၆၇၆၁ ဦး၊ Grade 6 မှ Grade 8 အထိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇၀၃၉ ဦး၊ Grade-10၊ Grade-11၊ Grade-12 (ကျောင်းတွင်းစစ်) ကျောင်းသား၊ ကျောင်းသူ ၂၇၆၃၆ ဦးသည် သက်ဆိုင်ရာကျောင်းများ၌ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၁ ရက်နေ့အထိ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး၊ Grade–5နှင့် Grade–9 (အစိုးရစစ်) စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ဘာသာရပ်အလိုက် နေ့စဉ်နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ (ထက်၊ လယ်၊ မူ) အခြေခံပညာအထက်တန်းကျောင်း ၁၄၉ ကျောင်း၊ ရှိသည့်အနက် ကိုယ်ပိုင်းကျောင်း ၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်း စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၁၅၈ ကျောင်းရှိပြီး၊ အဆိုပါကျောင်းများ၌ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများကပြည်သူများ ဝိုင်းဝန်းကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)