နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

သဲကုန်း ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် ပူးပေါင်းအဖွဲ့သည် ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်၊ ဦးကျော်ဟိန်း၏ ဒေသနွား (၆၀)ကောင် မွေးမြူထားသည့် မွေးမြူရေးခြံအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း၊   သုခဝေဖြာရပ်ကွက်ရှိ ဦးအေးကျော်၏ အသားတိုးဝက် (၂၅)ကောင် မွေးမြူထားသည့် မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကျွဲခေါင်းအုပ်စုရှိ ဦးအောင်ဝင်း၏ ဥစားဘဲ (၃ဝဝဝ)ကောင် မွေးမြူထားသည့် မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ ဦးလင်းအောင်ဇော်၏ ဥစားကြက် (၁၀၀၀)ကောင် မွေးမြူထားသည့် မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ မိုးတိမ်ပြင်အုပ်စု၊ ရုံးပင်လမ်းခွဲကျေးရွာရှိ ဦးကံရွှေနှင့် ဦးမင်းမင်းတို့၏ ဟင်းသီးဟင်းရွက် စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လောင့်ကြီးအုပ်စု၊ ရွာလှကျေးရွာရှိ ဦးနေဝင်း၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်သော တင်ပြချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(သဲကုန်း)