ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး လွှတ်တော်ရုံးဝင်းအတွင်း ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်
ကချင်ပြည်နယ်အတွင်း တတိယအကြိမ် ကချင်ပြည်နယ်ပထမပုံမှန်အစည်းအဝေးကျင်းပပြု လုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။