ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကောက်ယူမှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သီပေါမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများက တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။